fbpx

ကမ္ဘာအသက်ကြီးဆုံးပရိုဂရမ်မာ

ကမ္ဘာအသက်ကြီးဆုံးပရိုဂရမ်မာ

ကမ္ဘာ့အသက်အကြီးဆုံး Programmer👍“အသက် ၈၂ နှစ်ကျော်မှာ programming လေ့လာခဲ့သူMasako Wakamiya (မစကို ဝါကာမီယာ)Translated By #SiriusComputerClubအသက် ၈၂ အရွယ် Masako Wakamiya (မစကို ဝါကာမီယာ)သည်ပညာလိုအိုသည်မရှိ ဆိုတာကို သက်သေပြခဲ့ပါတယ်။ လူတိုင်း လုပ်နိုင်တယ်လို့ဆုံးဖြတ်ပြီးရင် ကြိုက်တဲ့အရွယ်မှာ ကြိုက်တဲ့ပညာရပ်ကို သင်နိုင်တယ်ဆိုတာကိုပါ သက်သေပြခဲ့ပါတယ်။ အသက်(၇၀)မှာ Piano သင်တယ်၊ (၈၀)ကျော်မှာ ကုဒ်ရေးတာကို စသင်တယ်။ သူမ ပထမဆုံးအလုပ်တုန်းက တွက်ချက်တာတွေလုပ်ဖို့ တရုတ်ပေသီးကိုတောင် သုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူမဟာ ကမ္ဘာ့အသက်အကြီးဆုံး iPhone App developer တွေထဲက တစ်ယောက်ဖြစ်လို့နေပါပြီ။Masako Wakamiya (မစကို ဝါကာမီယာ)အသက်ကြီးဆုံး app developer ဘယ်လိုဖြစ်တာလဲ?အငြိမ်းစာယူပြီး အလုပ်မရှိပဲ အားနေတဲ့အချိန်တွေများနေတာ သူကိုယ်သူသိလာတယ်။

နည်းပညာက လျင်လျင်မြန်မြန်တိုးတက်လာတယ်ဆိုတာကို သူယုံကြည်လာတယ်။ အလုပ်မရှိတစ်ယောက်ထဲနေရတဲ့ အသက် ၆၀ နောက်ပိုင်းမှာ IT နယ်ပယ်ကို သူမ စတင်စူးစမ်း လေ့လာပါတော့တယ်။ သူမအတွက် ပထမဆုံး system ကို setup လုပ်ဖို့ကို လပေါင်းများစွာကြာခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာ Window software အချို့ကို develop လုပ်လာနိုင်ခဲ့ပါတယ်။နောက် နည်းပညာတွေတိုးတက်ပြီး iPhone တွေ စျေးကွက်မှာ စတင်မိတ်ဆက်လာတဲ့အခါမှာတော့ သူမ iPhone တွေကို စိတ်ဝင်စားလာပါတယ်။ နှစ်တွေကြာလာတော့ iPhone store မှာ အသက်ကြီးတဲ့သူတွေအတွက် app တွေ game တွေ မရှိတာနဲ့ ဘယ်သူမှ လူကြီးတွေအတွက် မဖန်းတီးကြဘူးဆိုတာ သူတွေ့ခဲ့တယ်။ သူမ ထိပ်ဆုံး app ကုမ္ပဏီတွေကို လူကြီးတွေအတွက် တစ်ခုခုလုပ်ဖို့ အကြံပြုခဲ့ပေမဲ့ ဘယ်သူမှ သူ့အမြင်ကို စိတ်မဝင်စားခဲ့ကြပါဘူး။ နည်းပညာကုမ္ပဏီတွေက စိတ်မဝင်စားတဲ့အတွက် စိတ်ဓာတ်ကျပြီး ၈၀ နှစ်အရွယ်သူမက ကိုယ်တိုင် ကုဒ်ရေးနည်းသင်ပြီး လူကြီးတွေအတွက် အသုံးပြုရလွယ်မည့် app ကို တည်ဆောက်ဖို့အတွက် စတင်လုပ်ဆောင်ပါတော့တယ်။အဲဒိကနေစပြီးတော့ပဲ ဝါကာမီယာဟာ developer တစ်ယောက်ဖြစ်လာပြီးတော့ “Hinadan- the doll staircase လို့အမည်ရတဲ့ ios game ရဲ့ ဖန်တီးသူဖြစ်လာပါတော့တယ်။ Hinadan game က သက်ကြီး japan လူမျိုးတွေကို ပြစ်မှတ်ထားပြီး စတင် release လုပ်တဲ့အချိန်ကစပြီး App Store မှာ 5 stars နီးပါးရှိပြီး 50000+ downloads နီးပါးရှိပါတယ်။ ဝါကာမီယာက အခု အဲ့ game ကိုပဲ English , Chinese , French version နဲ့ develop လုပ်ဖို့အတွက် စဥ်းစားနေပါတယ်။သူမပြောခဲ့တဲ့စကားကတော့”💕မင်းအသက်ကြီးလာတာနဲ့အမျှ ဆုံးရှုံးမှုတွေများလာမယ်၊ ခင်ပွန်း, အလုပ်, ဆံပင်, မျက်စိ စတာတွေပေါ့၊ ဆုတ်ယုတ်မှု(အနှုတ်လက္ခဏာ)တွေ တော်တော်လေးများပါတယ်။ ဒါပေမဲ့ မင်း programming , piano စတဲ့ အသစ်တစ်ခုခုကို သင်မယ်ဆိုရင်တော့ အဲဒါ တိုးတတ်မှု(အပေါင်းလက္ခဏာ)ပါပဲ။

ဒါက သူမရဲ့ မိုတီဗေးရှင်းပါ။💕“နာမည်ကြီး နည်းပညာကုမ္ပဏီတိုင်းရဲ့ ဝန်ထမ်းတွေရဲ့ အသက်ဟာ ပျှမ်းမျှ ၃၄ နှစ်ဝန်းကျင်မှာပဲ ဖြစ်နေတဲ့ ဒီဘက်ခေတ်မှာကိုပဲ ဝါကာမီယာဟာ အသက်ကြီးသူတွေအတွက် အလုပ်ရှုပ်နေခဲ့ပါတယ်။Apple CEO Tim Cook က နှစ်စဥ်ကျင်းပတဲ့ Worldwide Developers Conference မှာ ဝါကာမီယာကို “world’s oldest app developer” လို့ ခေါပြီးတဲ့ နောက်မှာတော့ ဝါကာမီယာရဲ့ လူကြိုက်များမှုဟာ ကြီးထွားလာခဲ့ပါတော့တယ်။ဝါကာမီယာရဲ့ ရည်မှန်းချက်ကတော့ အခြားလူကြီးများအတွက် ဖျော်ဖြေရေး appတွေဆက်ရေးဖို့နဲ့ လူငယ်တွေကို ယဥ်ကျေးမှုနဲံ့အစဥ်လာတွေကို လက်ဆင့်ကမ်းဖို့ပါပဲ။ ဝါကာမီယာဟာ သင်ယူမှုကို အဆုံးသက်မပြစ်ဖို့နဲ့ စိတ်ထက်သန်တဲ့သူဟာ လိုချင်တဲ့အရာကို လွယ်ကူစွာရနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ ၈၀ အရွယ်သူမက လူငယ်မျိုးဆက်တွေကိုလည်း ရည်မှန်းချက်တွေပြည့်ဖို့ စိတ်ဓာတ်ခိုင်မာရမည်ဆိုတာကိုလှုံ့ဆော်အားပေးနေပါတော့တယ်။Translated By #SiriusComputerClub


Leave a Reply

Your email address will not be published.

%d bloggers like this: