ကမ္ဘာ့ပထမဆုံး Computer Programmer“အခုခေတ်စားနေတဲ့ AI တွေရဲ့ ရှေ့ပြေးအယူအဆတွေကို အစပြုခဲ့သူ”
ကိန်းဂဏန်းတွေဆိုတာ ရေတွက်ဖို့အတွက်တင်မဟုတ်ဘူးလို့
” ပြောဆိုခဲ့တဲ့သူဗြိတိသျှပတ်စပို့စာအုပ်မှာ ကွန်ပြူတာရဲ့ ဖခင်ကြီးနဲ့အတူ ထည့်သွင်းဂုဏ်ပြုခံခဲ့ရတဲ့သူဂြိုလ်တုနာမည်တွေပါပေးပြီး ဂုဏ်ပြုခံခဲ့ရတဲ့သူတစ်ကမ္ဘာလုံးက အခုအချိန်ထိအမှတ်တရနဲ့ ဂုဏ်ပြုနေရဆဲပုဂ္ဂိုလ် “Ada Lovelace (အဒ်ဒါ လော့ဖ်လေ့)”translated by #SiriusComputerClubThe New York Time ရဲ့ ၂၀၁၈ မှာ ရေးသားခဲ့တဲ့ ဆောင်းပါးကို မှီငြိမ်း ဘာသာပြန်ထားပါသည်။ကွန်ပြူတာခောတ်ရဲ့ အာရုဏ်ဦးမတိုင်ခင် ရာစုနှစ်တစ်ခုမှာ Ada Lovelace (အဒ်ဒါ လော့လေ့) ဆိုတဲ့အမျိုးသမီးတစ်ဦးက အခုခောတ်ကွန်ပြူတာတွေလိုပဲ နေရာစုံမှာအသုံးပြုနိုင်တဲ့ ကွန်ပြူတာကို စိတ်ကူးပုံဖော်နေခဲ့ပါတယ်။”အဲဒိကွန်ပြူတာဟာ စေခိုင်းချက်အတိုင်းလိုက်နာဆောင်ရွက်အောင် program ဆွဲထားနိုင်တယ်လို့”သူမက ၁၈၄၃ ခုနှစ်မှာ ရေးသားခဲ့တယ်။ အဲ့ီကွန်ပြူတာက တွက်ချက်တတ်ရုံသာမဟုတ်ပဲ ဖန်တီးမှုတွေပါလုပ်နိုင်ပါလိမ့်မယ်။ ဘယ်လိုလဲဆို “Jacquard loom” လို့ခေါ်တဲ့ ရက်ကန်းစင်သည် ပန်းပုံစံ သစ်ရွက်ပုံစံတွေကို ရက်လုပ်နိုင်သလိုပဲ အက္ခရာသင်္ချာပုံစံ (algebraic patterns) များကို ရက်လုပ်ဖန်တီးနိုင်ပါလိမ့်မယ်။စကားချပ်။ ။ (Jacquard loom ဆိုတာ သူမ မတိုင်ခင်က တီထွင်ခဲ့တဲ့ ကွန်ပြူတာရဲ့အမည်ပါ။)သူမအဲလိုစိတ်ကူးပုံဖော်ရေးသားခဲ့တဲ့ ဗြိတိသျှတီထွင်သူ Charles Babbage (ချားလ်ဘက်ဘေ့) ရဲ့ Analytical Engine လို့ခေါ်တဲ့ ကွန်ပြူတာဟာတကယ့်သမိုင်းမှာ ပြီးမြောက်အောင်မြင်အောင် မတည်ဆောက်ဖြစ်ခဲ့ပါဘူး။

(Charles Babbage ဆိုတာ ကွန်ပြူတာတွေရဲ့ ဖခင်ကြီးလို့တင်စားခံရတဲ့သူပါ)ဒါပေမဲ့ သူမရဲ့ computing နဲ့ပက်သက်ပြီး ရေးသားချက်တွေက ၁၈၅၂ တွင် ၃၆ နှစ်တွင်သားအိမ်ကင်ဆာဖြင့်သေဆုံးခဲ့သော Lovelace ကိုပထမဆုံး ကွန်ပြူတာပရိုဂရမ်မာဆိုပြီး အသိအမှတ်ပြုမှုကို ရရှိစေခဲ့ပါတယ်။Analytical Engine အတွက် program ဟာ ခုနှစ်ခုမြောက် Bernoulli number ကို တွက်ဖို့အတွက်ဖြစ်ပါတယ်။(Bernoulli number ဆိုတာ ဆွစ်ဇာလန်သင်္ချာပညာရှင် Jacob Bernoulli ကိုအစွဲပြုခေါ်ဝေါ်တဲ့ နာမည်ဖြစ်ပြီး သင်္ချာဆိုင်ရာနယ်ပယ်တော်တော်များများမှာ အသုံးပြုတဲ့ ကိန်းဂဏန်းတစ်ခုပါ)၊ ဒါပေမဲ့ သူမစိတ်ထဲ နက်နက်ရှိုင်းရှိုင်းလွှမ်းမိုးနေတာကတော့ computingတွေရဲ့ အလားလာပါပဲ။ (machine)စက်တွေဟာ ဂဏန်းပေါင်းရုံသာမဟုတ်ပဲ သင်္ကေတတွေကိုနားလည်ပြီးတော့music တွေ art တွေဖန်တီးဖို့လည်း အသုံးပြုနိုင်ရမယ်လို့ သူမက ပြောခဲ့ပါတယ်။အမေရိကန်စာရေးဆရာတစ်ဦးဖြစ်တဲ့ Walter Isaacson က သူရဲ့ “The Innovators” ဆိုတဲ့ စာအုပ်မှာ”Ada Lovelace ရဲ့ အဲလို့သိမြင်မှုဟာ ဒစ်ဂျစ်တယ်ခောတ်ရဲ့ အဓိက ခြေခံသဘောတရားဖြစ်လာပါလိမ့်မယ်”။မည်သည့် content, data, information မဆို ဥပမာ music, text, pictures, number, symbols, sounds, videoစတာတွေအားလုံးကို digital form နဲ့ ဖော်ပြနိုင်ပြီးတော့ စက်ကနေ ထိန်းချုပ်နိုင်ရပါလိမ့်မည်။သူမဟာ ကွန်ပြူတာက ဘာတွေလုပ်နိုင်သေးလဲဆိုတာတွေ, စက်တွေအတွက် ပရိုဂရမ်ရေးတဲ့သူ(programmer)တွေ ယူရမည့်တာဝန်ဝတ္တရားများအကြောင်းရေးသားခြင်းဆိုင်ရာတွေ,နဲ့ ကွန်ပြူတာတွေဟာ တစ်နေ့နေ့မှာ သူတို့ဘာသူစဥ်းစားပြီး ဖန်တီးအလုပ်လုပ်နိုင်မည်ဆိုတဲ့ အယူအဆကို ပြုစုပျိုးထောင်ခြင်း ဒါမှမဟုတ် ငြင်းပယ်ခြင်းတို့ရဲ့တို့ရဲ့အကျိုးဆက်တွေကို စူးစမ်းလေ့လာခဲ့ပါသေးတယ်။

(အဲအယူအဆကို အခုခောတ်ကျနော်တို့က Artificial Intelligence AI လို့ခေါ်ကြပါတယ်။)Analytical Engine မှာ ဘာဟန်ဆောင်မှုမှမရှိပါဘူး၊ ကျမတို့ခိုင်းတဲ့အတိုင်းလုပ်ဆောင်နိုင်ပါတယ်။လို့ သူမကပြောခဲ့ပါတယ်။ရိုမန်တစ်ကဗျာဆရာ Lord Byron ရဲ့သမီးဖြစ်ပြီး ဗြိတိသျှဆိုရှယ်လစ်တစ်ဦးဖြစ်တဲ့ Lovelace ဟာ အနုပညာနဲ့ သိပ္ပံပညာကို ပေါင်းစပ်ဖို့အတွက် လက်ဆောင်ရခဲ့တာပဲလို့သူမရဲ့ အတ္ထုပ္ပတ္တိရေးသားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Betty Alexandra Toole က ရေးသားခဲ့ပါတယ်။သူမက သင်္ချာနဲ့ယုတ္တိဗေဒကို ဖန်တီးမှုနဲ့စိတ်ကူးယဥ်မှုအဖြစ် မြင်ခဲ့ပါတယ်။ အဲအမြင်ကို poetical science သိပ္ံကဗျာလို ခေါ်ကြပါတယ်။သင်္ချာဆိုတာ သဘာဝလောကကြီးရဲ့ ကြီးကျယ်တဲ့အရာတွေကို ကျွန်ုပ်တို့လူသားတစ်ဦးတည်းကနေ လုံလောက်စွာဖေါ်ပြနိုင်တဲ့ ဘာသာစကားအဖွဲ့စည်းတစ်ခုပါပဲလို့ Lovelace က ရေးသားဖွင့်ဆိုခဲ့ပါတယ်။Lovelace ဟာ အမျိုးသမီးတွေကို ထင်ရှားတဲ့သိပ္ပပညာရှင်တွေအဖြစ် အထင်မကြီးကြတဲ့ခေခေမှာနေထိုင်ခဲ့ရပြီးမကြာခနဆိုသလို သူမရဲ့ စကေးတွေကို ယောင်္ကျားတစ်ယောက်လို ဟန်ဆောင်ဖေါ်ပြခဲ့ရပါတယ်။Lovelace ဟာ သူမအမေကိုယ်တိုင်အားပေးတဲ့ သင်္ချာနဲ့မက်ကန်းနစ်နယ်ပယ်မှာ ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့ပါတယ်။သူမအသိုင်းအဝိုင်းကြောင့်ပဲ သူမဟာ ဗြိတိသျှသိပ္ံပညာနဲ့ စာပေအသိုင်းဝိုင်းထဲက ပညာတတ်တွေ private ူတာတွေနဲ့ လက်လမ်းီဆက်ဆံထိတွေ့ခဲ့ရပါတယ်။ သူမဟာ မယုံနိုင်လောက်အောင်ကို စပ်စုတတ်ခဲ့ပြီး သိပ္ပံနဲ့ စာရေးဆရာ Mary Somerville အပါအဝင် အဲ့ဒိခေခေရဲ့ ကြီးမားတဲ့ အတွေးခေါ်ပညာရှင် အသိုင်းဝိုင်းကလည်း သူမကို ဝိုင်းရံပေးခဲ့ကြပါတယ်။သူမအသက် ၁၇ နှစ်အရွယ်မှာတော့ Somerville ဆိုတဲ့သူက Babbage (The father of computer) နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။နေရာကတော့ သူမ လူထုနဲ့တွေ့ဆုံပွဲအပြီးမှာ အလှပြင်ဆိုင်တစ်ခုရဲ့ ပါတီပွဲတစ်ခုမှာဖြစ်ပါတယ်။Babbage က သူမကို သူတည်ဆောက်ထားတဲ့ နှစ်ပေခွဲအမြင့်ရှိတဲ့ ကြေးဝါဂဏန်းတွက်စက်ကို ပြခဲ့ပြီး သူမရဲ့စိတ်ကူးစိတ်သန်းတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အဲ့အချိန်ကနေစပြီး သင်္ချာနဲ့ သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့အကြောင်းတွေကိုစာပေးစာယူဆက်သွယ်မှုတွေ စတင်ခဲ့ပါတော့တယ်။ ဆယ်စုနှစ် နှစ်ခုနီးပါးထိကို ဆက်သွယ်ခဲ့ကြပါတယ်။သူမရဲ့ အမျိုးသားဖြစ်လာမည့် William King ဆိုသူကိုလည်း Somerville ကနေတဆင့်ပဲ ဆုံတွေ့ခဲ့ပါတယ်။ 1835 ခုနှစ် သူမ အသက် ၁၉ အရွယ်မှာပဲ သူတို့လက်ထပ်ခဲ့ကြပါတယ်။သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ဒါပေမဲ့ သူမက သူမရဲ့ မိသာစုဘဝက သူမရဲ့ အလုပ်ကို မနှေးကွေးစေရဘူးလို့ ဆုံးဖြတ်ထားခဲ့ပါတယ်။အသက် ၂၇ ခုနှစ် ၁၈၄၃ ခုနှစ်မှာတော့ computer science အတွက်ရေရှည်အထောက်ကူပြုမည့် အကြောင်းအရာစာပေများကို ရေးသားခဲ့ပါတော့တယ်။

သူမဟာ “Note” လို့နာမည်ပေးထားတဲ့ Analytical Engine အကြောင်းရေးသားထားတဲ့ပညာရပ်ဆိုင်ရာစာတမ်းကို မူးရင်းစာမျက်ထက် သုံးဆနီးပါးများတဲ့ အပိုင်းတွေထပ်ဖြည့်ပြီးဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။ အဲစာအုပ်ထဲမှာပဲ သူမဟာ ကွန်ပြူတာတွေဘယ်လိုအလုပ်လုပ်သလဲဆိုတာနဲ့ကွန်ပြူတာတွေရဲ့ အလားအလာကို စိတ်ကူးယဥ်ပြီး ပထမဆုံး ကွန်ပြူတာပရိုဂရမ်ကို ရေးသားခဲ့ပါတော့တယ်သုတေသနပညာရှင်များကတော့ “Note” ကို ထူးခြားတဲ့မှတ်တမ်းတစ်ခုအနေနဲ့ မြင်ကြပါတယ်။အောက်စ့ဒ်တက္ကသိုလ်ရဲ့ ကွန်ပြူတာသိပ္ပံပညာရှင်လည်းဖြစ် Lovelace ရဲ့ ဘဝနဲ့ အလုပ်ကို လေ့လာနေသူလည်းဖြစ်တဲ့ Ursula Martin ဆိုသူကတော့ “သူမက computation ရဲ့ ယေဘုယျကျတဲ့ အခြေခံစည်းမျဥ်းတွေ,ကွန်ပြူတာတွေကို ပရိုဂရမ်ရေးဆွဲပြီး ဘယ်လိုခိုင်းနိုင်တယ်ဆိုတာနဲ့, ကွန်ပြူတာတွေဟာ Music တွေ ရေးဖွဲ့နိုင်မယ်, ကွန်ပြူတာတွေဟာ စဥ်းစားတွေးခေါ်နို်ငမယ် ဆိုတဲ့ ကြီးမားတဲ့ စိတ်ကူးအိုင်ဒီယာတွေကို ပြောနေတာပါ “လို့ပြောကြားခဲ့ပါတယ်။နောက်ဆယ်စုနှစ်တစ်ခုအကြာ နိုဝင်ဘာ ၂၇ ၁၈၅၂ ခုနှစ်မှာတော့ Lovelace ကွယ်လွန်ခဲ့ပါတယ်။သူမရေးသားခဲ့တဲ့ “Note” ထဲမှာ ကွန်ပျူတာများသည် လူသားများထက်ပိုမိုအစွမ်းထက် ပိုမိုမြန်ဆန်စွာခွဲခြမ်းစိတ်ဖြာနိုင်မည့် အနာဂတ်တစ်ခုကို သူမ စိတ်ကူးယဉ်ခဲ့သည်။”Numbers could do more than count.”ကိန်းဂဏန်းတွေဟာ ရေတွက်ဖို့တင်မဟုတ်ပဲ ဒီထက်ပိုလုပ်နိုင်တယ်။ကိန်းဂဏန်းကို အခြေခံတဲ့ data တွေနဲ့ music တွေရေးဖွဲ့ခြင်း graphic တွေကိုဖန်တီးခြင်းနဲ့ စတာတွေကို အသုံးပြုနိုင်ပါတယ်၊အဲဒီအချိန်တုန်းကတော့ အဲဒါတွေဟာ သီအိုရီသဘောလောက်ပဲဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ အားလုံးအမှန်တကယ်ဖြစ်နေခဲ့ပါပြီ။လွမ်းမောဖွယ် ဘာသာပြန်တင်ဆက်လိုက်ပါတယ်။သူမကို ဂုဏ်ပြုအထိမ်းအမှတ်အနေနဲ့Ada လို့ခေါ်တဲ့ Programming language ကို United States Department of Defense, ကနေဖန်တီးခဲ့Manual စာအုပ်ကိုလည်း dec 10, 1980 မှာအတည်ပြုခဲ့၊ သူမမွေးနေ့ကို ဂုဏ်ပြုသက်မှတ်ခဲ့ပ။Ada Lovelace Award, Lovelace Medal ဆိုတဲ့ နာမည်နဲ့ ဆုတွေဖန်တီးပြီး ပေးခဲ့ပါတယ်။

“သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာနယ်ပယ် တို့တွင်အမျိုးသမီးများ၏ဂုဏ်သတင်းကိုမြှင့်တင်ရန်” နှင့် အဲ့နယ်ပယ်တွေမှာ “မိန်းကလေးများနှင့်အမျိုးသမီးများအတွက်စံပြပုဂ္ဂိုလ်အသစ်များဖန်တီးရန်” အတွက် ရည်ရွယ်ပြီး၂၀၀၉ ကနေစပြီး oct ရဲ့ ဒုတိယ အင်္ဂါနေ့ကို Ada Lovelace Day ဆိုပြီးသတ်မှတ်ခဲ့ပါတယ်။စပိန်နိုင်ငံ Zaragoza University ရှိတဲ့ The Engineering in Computer Science and Telecommunications College အဆောက်အုံကြီးကို Ada Byron အဆောက်အုံကြီးအဖြစ်မှည့်ခေါ်ခဲ့ပါတယ်။Lovelace နေထိုင်ရာ Porlock ရွာရှိ ကွန်ပျူတာစင်တာကို သူမနာမည်ပေးခဲ့ပါတယ်။ သူမ နို့စို့အရွယ်မှာကုန်ဆုံးခဲ့တဲ့ Ada Lovelace House ကတော့ Nottinghamshire, Kirkby-in-Ashfield မှာရှိတဲ့ ကောင်စီပိုင်အဆောက်အအုံဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာ Ada Developers Academy ကို တည်ထောင်ပြီး သူမနာမည်ကိုပေးခဲ့ပါတယ်။ အဲ့ အကယ်ဒမီရဲ့ လုပ်ငန်းတွေကတော့နည်းပညာနယ်ပယ်ကို ပြောင်းလဲနိုင်တဲ့ software developer တွေဖြစ်လာဖို့ ကျွမ်းကျင်မှု,အတွေ့အကြုံ, ပက်ဝန်းကျင်တွေဖန်တီးပေးဖို့ပါ။၂၀၁၃ စတင်ဘာ ၁၇ မှာတော့ BBC ရဲ့ Great Lives အစီစဥ်မှာ Ada Lovelace အကြောင်းကို အပိုင်းတစ်ခုအနေနဲ့ အသံလွင့်ခဲ့ပါတယ်။၂၀၁၅ နိုဝင်ဘာကနေစပြီး ဗြိတိသျှ ပက်စပို့စာအုပ် အားလုံးမှာ Lovelace နဲ့ Babbage တို့ရဲ့ သရုပ်ဖော်ပုံတွေကို စာမျက်နှာ ၄၆ နဲ့ ၄၇ မှာ ပါဝင်လာခဲ့ပါတယ်။၂၀၁၇ မှာတော့ google ရဲ့ search bar ရဲ့အပေါ်နားမှာ ဖော်ပြတတ်တဲ့ google doodle နေရာမှာ International Women’s Day မှာ Ada Lovelace ကို ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။၂၀၁၈ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာတော့ “Satellogic, a high-resolution Earth observation imaging and analytics” လို့ခေါ်တဲ့ ဂြိုလ်တုနဲ့ဆိုင်တဲ့ ကုမ္ပဏီက ÑuSat အမျိုးအစား micro-satellite ဂြိုလ်တုကို လွှတ်တင်ပြီး Ada Lovelace ကို ဂုဏ်ပြုသောအားဖြင့် သူမနာမည်ကို ပေးခဲ့ပါတယ်။၂၀၁၈ မက်လမှာ The New York Times ကနေပြီး နာရေးမှတ်တမ်းကို ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲမှတ်တမ်းကိုပဲ ယခုဘာသာပြန်မျှဝေပေးထားပါတယ်။နောက်ထပ် မှတ်တမ်းတင် ဂုဏ်ပြုမှုတွေလည်း အများကြီးရှိပါသေးတယ် စာလေးမှာစိုးသောကြောင့် ချန်လှပ်ခဲ့ပါတော့တယ်။Translated By #Sirius Computer Club#computerprogramming#programming