နည်းပညာစိတ်ဝင်စားသူတိုင်း ကြည့်သင့်တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်ကားThe Billion Dollar CodeGoogle Earth ကို မူပိုင်ခွင့်နဲ့ တရားစွဲတဲ့ကားလေးပါစတင်ဖန်းတီးတဲ့ ဂျာမနီအနုပညာရှင် ကာစတန်ရှုတာ နဲ့ ဂျာမနီဟက်ကာ ယူရီမူလာ သူငယ်ချင်းနှစ်ယောက်ရဲ့တယ်ရာဗီရှင်းလိုနာမည်ပေးထားတဲ့ Google Earth လို system ကို ဘယ်လိုအိုင်ဒီယာရခဲ့ပုံတွေဘယ်လောက်ထိခက်ခက်ခဲခဲကြိုးစားပြီး ဖန်တီးခဲ့ရပုံတွေ, error ဖြေရှင်းပုံတွေ,တယ်ရာဗီရှင်းရဲ့ အဓိက programmer ဖြစ်တဲ့ယူရီမူလာရဲ့ လူတစ်ယောက်အပေါ် ယုံကြည်မှုလွန်ကဲတာကနေစပြီး google က တစ်ပတ်ရိုက်တာခံရတာတွေကို ရင်သပ်ရှုမောဖွယ်ခံစားရပါမယ်။

ပြီးတော ဆော့ဝဲရေးတာမှာ အလ်ဂိုရသမ်ရဲ့ အရေးပါပုံတွေပါခံစားသိရှိရမှာပါ။ google က google earth မှာတယ်ရာဗီရှင်းရဲ့ အလ်ဂိုရသမ်ကို ကော်ပီယူသွားတာပါ။နောက်ပြီး ၁၉၉၀ ကျော်ကာလလောက်က စီလီကွန်ဗဲလျူရဲ့ ပုံရိပ်တွေ, လူတွေ အင်တာနက်ကို ဒီနေ့ခေတ်လိုဖြစ်လာမယ်ဆိုတာကိုယုံကြည်ဖို့ခက်ခဲ့တဲ့ အခြေနေတွကို သေချာရိုက်ပြထားပါတယ်။

Admin ကတော့ ဒီဇာတ်ကားလေးကြည့်ပြီး သူများတွေရေးထားတဲ့ ကုဒ်တွေကို ပိုတန်ဖိုးထားတတ်လာတယ်။နောက်ပြီး မြန်မာနိုင်ငံမှာ သူများသင်ထားတဲ့ သင်ခန်းစာတွေကို အင်တာနက်ပေါ်ကနေ စုစည်းပြီး ရောင်းတာကိုပဲကိုယ့်ကိုယ်ကို စွန့်ဦးတီထွင်သူလို့အထင်ရောက်နေတဲ့လူတစ်စုကို ပြေးမြင်မိတာပဲ။

ရှုတာနဲ့မူလာတို့ရဲ့ တရားစွဲဆိုမှုအောင်မြင်မလား မအောင်မြင်မလားကိုတော့ ကိုယ်တိုင်ကြည့်ရှု့ခံစားကြည့်လိုက်ကြပါ၊တကယ်ကို ကြည့်ရှု့သူတွေကို အကျိုးရှိစေမည့်ကားလေးမို့ ညွှန်းပေးလိုက်ပါရစေ’ခင်ဗျား ကိတ်မုန့်ဖုတ်မယ်ဆိုရင် မုန့်ဖုတ်နည်းတွေလိုအပ်တယ်။ အယ်လ်ဂိုရသမ်ဆိုတာ ကွန်ပြူတာအတွက်မုန့်ဖုတ်နည်းပဲ’ဒီ ဒိုင်ယာလော့လေးက သူတို့နှစ်ယောက်နည်းပညာ နားမလည်တဲ့ ရှေ့နေတွေကို လက်ပေါက်ကပ်အောင်ရှင်းပြတဲ့အခန်းတစ်ခုက ဒိုင်ယာလော့လေးပါ။ဒီကားလေးကြည့်ပြီးပြီးချင်းပဲ google earth ဆော့ဝဲကို ဖွင့်ကြည့်လိုက်တာ ဖော်ပြလို့မရတဲ့ ခံစားမှုလေးတစ်ခု ခံစားလိုက်ရတယ်။ပိုပြီးလည်း လေးလေးနက်နက်ဖြစ်သွားတယ်။