fbpx

လက်ကောက်ဝတ်အထက်နားကနေ ပြတ်သွားတဲ့လက်ကို ပြန်ဆက်တာ မြန်မာမှာပဲ

လက်ကောက်ဝတ်အထက်နားကနေ ပြတ်သွားတဲ့လက်ကို ပြန်ဆက်တာ မြန်မာမှာပဲ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပါတယ်။ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ငါဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး


၁၄-၄-၂၀၂၂)ရက်နေ့၊ နေ့လယ်(၃း၀၀)နာရီအချိန်တွင် ဓားဖြင့် ခုတ်ခံရခြင်း ကြောင့် ဘယ်ဘက်လက်၏ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည်ဟုသိရပါတယ်။ ခုတ်ခံရတာက နေ့လည်သုံးနာရီ ဆေးရုံရောက်တာက ညနေ 6 နာရီ ခွဲစိတ်တာက ည ၈ နာရီမှာစခွဲတာပါ နံနက် 1:30 မှပြီးတာပါ။ ခွဲစိတ်မှုကြာချိန် ၅ နာရီလောက်ကြာတယ်လို့ သိရပါတယ်။

ဤကဲ့သို့ ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရန် အတွက် ပထမဦးစွာ ပြတ်တောက်သွားသည့်လက်ကို Normal Saline (သို့မဟုတ်) ရေကျက်အေးနှင့် ဆေးကြောရပါမည်။

ထိုသို့ဆေးကြောသန့်စင်ပြီးပါက သန့်ရှင်းသည့် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရပါမည်။ (ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်ထဲတွင် Normal Saline စိမ်ထားသော ပိုးသတ်ထားသည့် ပတ်တီးစ အကြီးဖြင့်စည်း၍ ထည့်ပေးပါ)။

ထို့နောက် ရေခဲပုံးထဲသို့ ထည့်၍ ဆေးရုံသို့ သယ်ဆောင်လာရပါမည်။ လက် စတင်ပြတ်တောက်သည့် အချိန်မှ (၄) သို့မဟုတ် (၆)နာရီအတွင်း လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုအထူးကု ဆရာဝန်ကြီးများရှိရာ ဆေးရုံကြီးများသို့ ရောက်ရှိပါက အကောင်းဆုံး ဖြစ်ကြောင်းသိရှိရပါသည်။


Leave a Reply

Your email address will not be published.

%d bloggers like this: