fbpx

ကလေးငယ်များအတွက် programming သင်ကြားမှု

ကလေးငယ်များအတွက် programming သင်ကြားမှု

ကလေးငယ်များအတွက် programming လေ့လာသင်ယူဖို့ website တွေအများကြီးရှိတဲ့ထဲကလူသုံးလည်းများ, free လည်းရ, ကျနော်တို့ မြန်မာပြည်အတွက်လည်း သင့်တော်မည်လို့ထင်ရတဲ့website သုံးခုကို မိတ်ဆက်ပေးထားပါတယ်။ပုံတင်ထားတာက မက်ဇူကာဘက်က ၅ နှစ်ကျော်အရွယ်သူ့သမီးလေးကို Kano ဆိုတဲ့ website မှာcoding လေ့လာခိုင်းထားပုံကို တင်ထားတာပါ၊ first comment မှာ ဇူကာဘက်ရဲ့ ပို့လင့်လေးပါပေးထားပါတယ်။တစ်ကမ္ဘာလုံးက kid coding အတွက် ဝင်ရောက်ဆွေးနွေးကြတာကို ဗဟုသုတအနေနဲ့ ဝင်ဖက်ကြည့်ကြပါ။

1️⃣Code.orgAges: 4-14Pricing: Freecode.org ဆိုတာ နှစ်စဥ် “Hour of Code” ဆိုတဲ့အစီစဥ်လုပ်ပေးတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့စည်းတစ်ခုပါ။ နောက်ပြီး ကျောင်းတွေအတွက်လည်း သင်ရိုးညွှန်းတမ်းတွေဆွဲပေးပါတယ်။ သူတို့အဖွဲ့ကနေ ကလေးတွေကို ကွန်ပြူတာသိပ္ပံအခြေခံတွေသင်ပေးဖို့အတွက် Unit 4 ခုပါတဲ့ codingwebsite တစ်ခုကိုလည်း လွှင့်တင်ထားပါတယ်။‌ဘာသာစကားပေါင်းများစွာနဲ့လည်းလေ့လာနိုင်ပါတယ်။ မြန်မာဘာသာစကားကိုပါပါတယ်။သင်ခန်းစာတစ်ခုချင်းစီရဲ့ အဆုံးပိုင်းမှာဆိုရင် ကလေးတွေဟာ အချင်းချင်းမျှဝေလို့ရတဲ့ Games တွေstory တွေ ဖန်းတီးနိုင်ပါတယ်။ အခြားကလေးလေ့ကျင့်ထားတဲ့ projects ပေါင်း ၇၄ မီလီယံကျော်ကိုလည်းတွေ့ရမှာပါ။သင်ခန်းစာတစ်ခုချင်းစီကို computer science ရဲ့ နောက်ကွယ်က သဘောတရားတွေကို သင်ကြားပေးထားတဲ့puzzles, videos, activities တွေနဲ့ဖွဲ့စည်းထားပါတယ်။သင်ခန်းစာ ၁ ကတော့ စလေ့လာမည့် အသက် ၄ နှစ် ၆ ကလေးတွေအတွက်ပါ။နောက်သင်ခန်းစာတွေကတော့ programming အကြောင်းတွေသင်ဖို့အတွက် block-basedပုံစံနည်းကို အသုံးပြုထားပါတယ်။ text-based code တွေကို ကြည့်ချင်ရင်လဲကြည့်လို့ရပါသေးတယ်။ခြုံပြောရရင် သင်ခန်းစာအတန်းလေးတန်းလုံဟာ စာသင်ခန်းတွေမှာသုံးဖို့လုပ်ထားတဲ့ သင်ရိုးညွှန်းတန်းတွေဖြစ်ပြီးISTE စံတွေနဲ့အညီ ပြုလုပ်ထားတာတွေပါ။ အဲ့လိုသင်ခန်းစာသင်ရိုးတွေကို အလားကားသင်ခွင့်ရတော့ ပိုကောင်းတာပေါ့ဗျာ။

2️⃣ ScratchAges: 8-16Pricing: FreeScratch ကတော့ မူလတန်းကျောင်းတွေမှာ coding program အတွက် အသုံးများတဲ့ platform တစ်ခုပါ။MIT Media Lab ကနေ develop လုပ်ထားတဲ့ ကလေးတွေအတွက် အလကားသင်ပေးတဲ့block coding website တစ်ခုပါပဲ။ Scratch မှာထူးခြားတာကတော့ scratch ကိုယ်တိုင်ကိုက programming languageတစ်မျိုးဖြစ်ပြီးတော့ ပေါင်းစပ်နိုင်တဲ့ Graphical block တွေပါတာပါ။နောက်တစ်ခုက Scratch မှာ တစ်ကမ္ဘာလုံးက ကလေးတွေ program ရေးဆွဲနိုင်ပြီးတော့stories, games, animation တွေကို အချင်းချင်းမျှဝေလို့ရတဲ့ online အဖွဲ့အစည်းကြီးလည်းရှိပါသေးတယ်။Scratch platform ကို ၈ နှစ်ကနေ ၁၆ အရွယ်ကလေးတွေအတွက် ဒီဇိုင်းလုပ်ထားတာပါ။အဲ့ထက်ငယ်တဲ့ကလေးတွေအတွက်ဆိုရင်တော့ 5 နှစ်ကနေ ၇ နှစ် အရွယ်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့Scratch Jr လိုကောင်မျိုးတွေကို လေ့လာလို့ရပါတယ်။coding သင်ရိုးညွှန်းတမ်းတွေမှာ scratch ကို အသုံးများရတဲ့အကြောင်းရင်းကတော့ ၎င်းရဲ့ ကလေးငယ်များရဲ့ problem-solving စကေးတေွ,communication စကေးတွေ, အကြောင်းအကျိုးစဥ်းစားတွေးခေါ်တတ်မှုတွေကို တိုးတတ်ဖို့အတွက် ပြီးပြည့်စုံတဲ့ နည်းလမ်းတွေကြောင့်ပါ။Scratch က တကယ်ကျတော့ coding language စစ်စစ်ကိုသင်ပေးတာမဟုတ်ပါဘူးcomputer programming နဲ့ coding language တွေရဲ့ ပထမဆုံးခြေလှမ်းကို သင်ပေးတာပါ။3️⃣

Khan Academy – Computer ProgrammingAges: 13+Pricing: Freeနောက်တစ်ခုကတော့ နက်နဲပြီး စိန်ခေါ်မှုတွေများတဲ့ math games တွေနဲ့ လူသိများတဲ့ Khan Academy website ပါ။Khan Academy မှာလည်း ကလေးတွေကို graphic, animations စတာတွေဖန်းတီးနည်းတွေသင်ပေးတဲ့ အခြေခံ programmingသင်ခန်းစာတွေရှိပါတယ်။ Khan Academy ကို ဘောလီးဝုစ်မင်းသားကြီး ရှရွက်ခန်း တည်ထောင်ထားတယ်လို့လဲပြောကြတယ်။ တကယ်ကျ အမှတ်မှားနေတာပါ founder က Salman Amin Khan ဖြစ်တဲ့ အမေရိကန် ကျောင်းဆရာ Sal khan ပါ။google official သင်ကြားရေး website တွေမှာလည်း ညွှန်းထားပါတယ်။အခြားသင့်တော်တဲ့ website တွေအများကြီးရှိပါသေးတယ်။ ရွေးချယ်စဥ်းစားတက်ဖို့အတွက် အဆင်ပြေတာလေးတွေ တင်ဆက်ပေးလိုက်ပါတယ်၊နာမည်တွေ ရိုက်ပြီး google မှာရှာကြည့်လို့ရပါတယ်။ Elementary School levelBlockly, Code Combat, Stencyl, Code Monkey, Code.Org Studio, Kodable, Scratch, Tynker Middle School levelApp Inventor, Code Avengers, Code Monster, GameBlox, CodemojiLightbot High School levelGlitch, Codecademy, Code HS, Pluralsight, Code Wars, Khan Academy – Computer Programming, Vidcode Best Coding Website For All AgesCodeWizardsHQ#programming#kidprogramming#kidcoding#siriuscomputerclub


Leave a Reply

Your email address will not be published.

%d bloggers like this: