Graphics Design လောကကို ရိုက်ခတ်လာတော့မယ့် Computer AI
အရင်ကဆို ကွန်ပြူတာကို ပုံတွေကိုကြည့်ခိုင်းပြီး ပုံထဲက အရာဝတ္ထု၊ လူသူသတ္တဝါတွေကို နားလည်အောင်၊ ဘာဆိုတာ သိအောင် သင်ကြားနေရာကနေ… အခုဆိုရင် ကိုယ်လိုချင်တဲ့ ပုံကို စာသားနဲ့ ပေးပြီး ကွန်ပြူတာ AI ကို ပုံပြန်ဆွဲခိုင်းတဲ့ အဆင့်အထိ နည်းပညာက တိုးတက်လို့ လာခဲ့ပါပြီ…
ဒီနှစ်ပိုင်းမှာ… Tesla/SpaceX တို့ရဲ့ ဖန်တီးရှင် Elon Musk ရဲ့ OpenAI က လုပ်နေတဲ့ Dall-E 2 ကိုသာ သတိထားခဲ့မိရာကနေ… ပြီးခဲ့တဲ့ အပတ်က Online Guru ကြီး Google ကလည်း အားကျမခံ သူတို့ စမ်းသပ်နေတာတွေကို ချပြခဲ့ပါတယ်… မိမိလိုချင်တဲ့ Design ကို စာသားပြောပေးရုံနဲ့ သူတို့က ပုံဆွဲပေးမှာပါ… အတော်ရှုပ်ရှုပ်ထွေးထွေး၊ ကြံကြံဖန်ဖန် ခိုင်းတာတွေကိုတောင် ရအောင် အလုပ်လုပ်တာကို အောက်က ဥပမာတွေမှာ ကြည့်နိုင်ပါတယ်…
ကျွန်တော်ကတော့ အတော်လေးကို သဘောကျမိပြီး… ဒီတိုင်းသွားမယ်ဆို… မကြာမှီမှာပဲ တော်ရုံ Graphics Design တွေဆို Designer မလိုပဲ AI နဲ့သာ သွားလို့ ရသွားတော့မယ်လို့လည်း ခံစားမိပါတယ်… အခုတော့ လူတိုင်းသုံးခွင့် မပေးထားသေးပါဘူး… စမ်းချင်ရင် သီးသန့် လျှောက်ရပြီး သူတို့ခွင့်ပြုပေးရင် စမ်းလို့ရနိုင်ပါတယ်…
အားလုံးသုံးသပ်နိုင်အောင် ပုံအချို့နဲ့ ဘယ်လိုစာသား ပို့လို့ ဒီလိုပုံထွက်လာတယ်ဆိုတာကို ပုံတစ်ပုံချင်းစီမှာ ရေးထားပေးလိုက်ပါတယ်…
Source:
https://imagen.research.google/
https://openai.com/dall-e-2/
- AMMK
31 May 2022

Android Mascot made from bamboo
လို့ပြောလိုက်ရင် AI က သူ့အလိုလို ဒီလိုဆွဲပေးတာပါ
Credit: Imagen

A chrome-plated duck with a golden beak arguing with an angry turtle in a forest.
အဲ့လို ရှုတ်ထွေးတဲ့ လိုအပ်ချက်တွေကိုတောင် ရအောင်ပုံထုတ်ပေးနိုင်ပါတယ်။
Credit: Imagen

A robot couple fine dining with Eiffel Tower in the background.
Credit: Imagen

A photo of a raccoon wearing an astronaut helmet, looking out of the window at night
Credit: Imagen

Teddy bears shopping for groceries in ancient Egypt
Credit: OpenAI

A bowl of soup that looks like a monster spray-painted on a wall.
Credit: OpenAI

A astronaut playing basketball with cats in space in a watercolor style
Credit: OpenAI