-
နည်းပညာဇာတ်ကားကောင်းလေး
နည်းပညာစိတ်ဝင်စားသူတိုင်း ကြည့်သင့်တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်ကားThe Billion Dollar CodeGoogle Earth ကို မူပိုင်ခွင့်နဲ့ တရားစွဲတဲ့ကားလေးပါစတင်ဖန်းတီးတဲ့ ဂျာမနီအနုပညာရှင် ကာစတန်ရှုတာ နဲ့ ဂျာမနီဟက်ကာ ယူရီမူလာ သူငယ်ချင်းနှစ်ယောက်ရဲ့တယ်ရာဗီရှင်းလိုနာမည်ပေးထားတဲ့ Google Earth လို system ကို ဘယ်လိုအိုင်ဒီယာရခဲ့ပုံတွေဘယ်လောက်ထိခက်ခက်ခဲခဲကြိုးစားပြီး ဖန်တီးခဲ့ရပုံတွေ, error ဖြေရှင်းပုံတွေ,တယ်ရာဗီရှင်းရဲ့ အဓိက programmer ဖြစ်တဲ့ယူရီမူလာရဲ့ လူတစ်ယောက်အပေါ် ယုံကြည်မှုလွန်ကဲတာကနေစပြီး google က တစ်ပတ်ရိုက်တာခံရတာတွေကို ရင်သပ်ရှုမောဖွယ်ခံစားရပါမယ်။ ပြီးတော ဆော့ဝဲရေးတာမှာ အလ်ဂိုရသမ်ရဲ့ အရေးပါပုံတွေပါခံစားသိရှိရမှာပါ။ google က google earth မှာတယ်ရာဗီရှင်းရဲ့ အလ်ဂိုရသမ်ကို ကော်ပီယူသွားတာပါ။နောက်ပြီး ၁၉၉၀ ကျော်ကာလလောက်က စီလီကွန်ဗဲလျူရဲ့ ပုံရိပ်တွေ, လူတွေ အင်တာနက်ကို ဒီနေ့ခေတ်လိုဖြစ်လာမယ်ဆိုတာကိုယုံကြည်ဖို့ခက်ခဲ့တဲ့ အခြေနေတွကို သေချာရိုက်ပြထားပါတယ်။ […]