fbpx

Programming ကို လေ့လာဖို့ကွန်ပြူတာ ဘယ်လောက်speedဆို အဆင်ပြေလဲ? စျေးဘယ်လောက်တန်လောက်ဆို အဆင်ပြေလဲ? အနည်းဆုံးကွန်ပြူတာလိုအပ်ချက်က ဘယ်လောက်လဲ?

Programming ကို လေ့လာဖို့ကွန်ပြူတာ ဘယ်လောက်speedဆို အဆင်ပြေလဲ? စျေးဘယ်လောက်တန်လောက်ဆို အဆင်ပြေလဲ? အနည်းဆုံးကွန်ပြူတာလိုအပ်ချက်က ဘယ်လောက်လဲ?

မေး။ ။Programming ကိုလေ့လာဖို့ ကွန်ပြူတာဘယ်လောက် speed ဆိုအဆင်ပြေလဲ?
ဖြေ။ ။နှစ်မျိုးခွဲခြားပြီးဖြေ‌ပေးမယ် အခုမှစတင်လေ့လာမည့်သူနဲ့ project ရေးတဲ့အဆင့်ရောက်နေတဲ့သူအတွက်ပါ
စတင်လေ့လာမည့်သူဆိုရင် အနည်းဆုံး

CPU – celeron
RAM – 2 GB (နည်းနည်းတော့လေးမည်) ငွေမတတ်နိုင်လို့လုပ်ကြည့်မည်ဆိုထိန်းသုံးလို့ရပါတယ်။
4 GB အနည်းဆုံးဆိုပိုကောင်းပါတယ်။
SSD – 128GB (HDD လည်းရတယ် ဒါပေမဲ့ ခေတ်က SSD ခေတ်ရောက်နေပြီ ပိုမြန်တယ်။)
Monitor Screen – ကျယ်လေကောင်းလေ
resoluation – 1920 x 1080 နဲ့ အထက်
Key Mourse ကောင်းကောင်းလေးနဲ့ပေါဗျာ
Graphic Card – ပါရင်ပိုကောင်းပါတယ်။ မပါလည်းဖြစ်ပါတယ် (ကျွမ်းပြီဆိုမှ programming နဲ့ ငွေရှာပြီးဝယ်ထည့်ပေါ့ 😂😂😂
ခန့်မှန်းစျေး = အ‌ဟောင်းအရင်ပုံမှန်ဆို ၁ သိန်းခွဲ နှစ်သိန်း အခုစျေးသေချာမပြောတတ်။
အသစ်ဆို RAM က ၄GBနဲ့ လာတော့တာအခုနောက်ပိုင်း 10 သိန်းအနည်းဆုံးဖြစ်မည်။
ကွန်ပြူတာအတွက် ကိုယ့်ဝါသနာကို အတားဆီးအဖြစ်မခံပါနဲ့ အဟောင်းတစ်လုံးလောက်ကောင်းကောင်းရှာဝယ်ပြီး လေ့လာလို့ရပါတယ်။
အထက်ပါ requirement နဲ့ဆို programming ကို စတင်လေ့လာဖို့အဆင်ပြေပါပြီ
ဒီထက်မြင့်လေကောင်‌‌းလေပါ။

မှတ်ချက်။ ။ Programming သည် RAM လို့ခေါ်တဲ့ မန်မီုရီပေါ်မှာအလုပ်လုပ်တာဖြစ်တဲ့အတွက် အဓိက RAM နဲ့ SSD တွဲပေးနိုင်လေကောင်းလေပါ။

project ရေးတဲ့အဆင့်ရောက်နေတဲ့သူအတွက်ကတော့ အနည်းဆုံး
CPU – i5
RAM – 8GB
SSD – 500GB
Monitor Screen – ကျယ်လေကောင်းလေ
Resoluation – 1920 x 1080 နဲ့ အထက်
Key Mourse ကောင်းကောင်းလေးနဲ့ပေါဗျာ
Graphic Card – 4GB နဲ့အထက်မှ ပိုအဆင်ပြေပါမယ်။ (Web Development ပိုင်းတွေပါရည်ရွယ်)
ခန့်မှန်းစျေးနှုန်း = အဟောင်းပုံမှန်ဆို SSD 500 နဲ့ဆို လေးသိန်းငါးသိန်း
အခုစျေးနဲ့ဆိုရင်တော့ ၆ သိန်း ၇ သိန်းလောက်ဖြစ်မည်ထင်တယ်။ အသစ်ဆို ၁၂ သိန်းကျော်လောက်အနည်းဆုံးပါ။
ဒီလောက်အနည်းဆုံးတွေမှပိုအဆင်ပြေပါမယ်။ အဲဒိထက် နှိမ့်လည်းမရဘူးလားဆိုတော့ရတယ်။ စိတ်ညစ်ပြီး အလုပ်မတွင်ဖြစ်နိုင်ပါတယ်။

3D rendering Circuit board. Technology background. Central Computer Processors CPU concept. Motherboard digital chip. Tech science EDA background. Integrated communication processor. Information CPU engineering

Zawgyi
ေမး။ ။Programming ကိုေလ့လာဖို႔ ကြန္ျပဴတာဘယ္ေလာက္ speed ဆိုအဆင္ေျပလဲ?
ေျဖ။ ။ႏွစ္မ်ိဳးခြဲျခားၿပီးေျဖ‌ေပးမယ္ အခုမွစတင္ေလ့လာမည့္သူနဲ႔ project ေရးတဲ့အဆင့္ေရာက္ေနတဲ့သူအတြက္ပါ
စတင္ေလ့လာမည့္သူဆိုရင္ အနည္းဆုံး

CPU – celeron
RAM – 2 GB (နည္းနည္းေတာ့ေလးမည္) ေငြမတတ္ႏိုင္လို႔လုပ္ၾကည့္မည္ဆိုထိန္းသုံးလို႔ရပါတယ္။
4 GB အနည္းဆုံးဆိုပိုေကာင္းပါတယ္။
SSD – 128GB (HDD လည္းရတယ္ ဒါေပမဲ့ ေခတ္က SSD ေခတ္ေရာက္ေနၿပီ ပိုျမန္တယ္။)
Monitor Screen – က်ယ္ေလေကာင္းေလ
resoluation – 1920 x 1080 နဲ႔ အထက္
Key Mourse ေကာင္းေကာင္းေလးနဲ႔ေပါဗ်ာ
Graphic Card – ပါရင္ပိုေကာင္းပါတယ္။ မပါလည္းျဖစ္ပါတယ္ (ကြၽမ္းၿပီဆိုမွ programming နဲ႔ ေငြရွာၿပီးဝယ္ထည့္ေပါ့ 😂😂😂
ခန႔္မွန္းေစ်း = အ‌ေဟာင္းအရင္ပုံမွန္ဆို ၁ သိန္းခြဲ ႏွစ္သိန္း အခုေစ်းေသခ်ာမေျပာတတ္။
အသစ္ဆို RAM က ၄GBနဲ႔ လာေတာ့တာအခုေနာက္ပိုင္း 10 သိန္းအနည္းဆုံးျဖစ္မည္။
ကြန္ျပဴတာအတြက္ ကိုယ့္ဝါသနာကို အတားဆီးအျဖစ္မခံပါနဲ႔ အေဟာင္းတစ္လုံးေလာက္ေကာင္းေကာင္းရွာဝယ္ၿပီး ေလ့လာလို႔ရပါတယ္။
အထက္ပါ requirement နဲ႔ဆို programming ကို စတင္ေလ့လာဖို႔အဆင္ေျပပါၿပီ
ဒီထက္ျမင့္ေလေကာင္‌‌းေလပါ။

မွတ္ခ်က္။ ။ Programming သည္ RAM လို႔ေခၚတဲ့ မန္မီုရီေပၚမွာအလုပ္လုပ္တာျဖစ္တဲ့အတြက္ အဓိက RAM နဲ႔ SSD တြဲေပးႏိုင္ေလေကာင္းေလပါ။
project ေရးတဲ့အဆင့္ေရာက္ေနတဲ့သူအတြက္ကေတာ့ အနည္းဆုံး
CPU – i5
RAM – 8GB
SSD – 500GB
Monitor Screen – က်ယ္ေလေကာင္းေလ
Resoluation – 1920 x 1080 နဲ႔ အထက္
Key Mourse ေကာင္းေကာင္းေလးနဲ႔ေပါဗ်ာ
Graphic Card – 4GB နဲ႔အထက္မွ ပိုအဆင္ေျပပါမယ္။ (Web Development ပိုင္းေတြပါရည္႐ြယ္)
ခန႔္မွန္းေစ်းႏႈန္း = အေဟာင္းပုံမွန္ဆို SSD 500 နဲ႔ဆို ေလးသိန္းငါးသိန္း
အခုေစ်းနဲ႔ဆိုရင္ေတာ့ ၆ သိန္း ၇ သိန္းေလာက္ျဖစ္မည္ထင္တယ္။ အသစ္ဆို ၁၂ သိန္းေက်ာ္ေလာက္အနည္းဆုံးပါ။
ဒီေလာက္အနည္းဆုံးေတြမွပိုအဆင္ေျပပါမယ္။ အဲဒိထက္ ႏွိမ့္လည္းမရဘူးလားဆိုေတာ့ရတယ္။ စိတ္ညစ္ၿပီး အလုပ္မတြင္ျဖစ္ႏိုင္ပါတယ္။


Leave a Reply

Your email address will not be published.

%d bloggers like this: