fbpx

Programming လေ့လာရင် သင်္ချာကျွမ်းကျင်ဖို့လိုလား?

Programming လေ့လာရင် သင်္ချာကျွမ်းကျင်ဖို့လိုလား?

မေး- သင်္ချာစကေးတွေ (Math skills)တွေ မကျွမ်းပဲ programmer တစ်ယောက်ဖြစ်နိုင်လား????

👇

ဖြေ- programming နယ်ပယ်က ကျယ်ပြန့်တဲ့အတွက် သင်္ချာစကေးတွေ (Math skills) တွေအများကြီးမလိုတဲ့ နယ်ပယ်တွေအများကြီးရှိတဲ့အတွက် သင်္ချာစကေးတွေ (Math skills) တွေ မကျွမ်းကျင်လဲprogrammer ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ Game development မှာဆို သင်္ချာစကေးတွေ (Math skills) တွေထက်ဘယ် framework ကိုအသုံးပြုလဲဆိုတာက ပိုစကားပြောပါတယ်။ ဒါပေမဲ့ Matlab လို သင်္ချာအားပြု programming language တွေအတွက်တော့သင်္ချာစကေးတွေ (Math skills) တွေလိုပါတယ်။ AI, Machine learning လိုနယ်ပယ်မှာတော့ သင်္ချာစကေးတွေ (Math skills) တွေလိုပါတယ်။ ဒါတောင် API တွေကောင်းကောင်းသုံးတတ်ရင် သင်္ချာစကေးတွေ (Math skills) တွေ သိပ်မလိုတော့ပြန်ပါဘူး၊ဥပမာ မျက်နှာစကန်ဖတ်တဲ့ face recognition, လက်ဗွေစကန်ဖတ်တဲ့ fingerprint recognition စတာတွေကို ကျနော်တို့ကိုယ်တိုင်low level ထိဆင်းပြီး အသေးစိတ်ရေးစရာမလိုပါဘူး API တွေသုံးတတ်တာနဲ့ ရပါတယ်။

နောက်တစ်ခု အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆော့ဝဲတွေဖြစ်တဲ့ AutoCad လို အမျိုးစားဆော့ဝဲတွေ development လုပ်ချင်ရင်တော့ သင်္ချာစကေးတွေ (Math skills) တွေလိုပါတယ်။ကိုယ်ဘာဖန်တီးချင်လဲဆိုတဲ့ အဖြေပေါ်မူတည်ပြီး သင်္ချာစကေးတွေ (Math skills) တွေ ဘယ်လောက်လိုလဲဆိုတာ အဖြေရပါလိမ့်မယ်။လိုရင်းအဖြေကတော့ သင်္ချာစကေးတွေ (Math skills) တွေ သိပ်မကျွမ်းလည်း programmer ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ကျွမ်းရင်‌တော့ ကျားတောင်ပံတပ်ပေးလိုက်သလိုပေါ့။ကျနော်သူငယ်ချင်းတစ်ယောက်ပြောတာလေးအမှတ်ရလို့ပြောပါအုံးမယ်။ လက်တွေ့လဲဆန်လို့ပါ၊♥♥“ငါ့‌‌ကောင် ငါ MBA တာပြီးထားတာ ကိုးအလီအစဆုံးမရဘူးတဲ့”♥♥” အဖြေကဒါပါပဲဗျာ။ကျန်တာချဲ့တွေးတော့……….တစ်ခါတလေ လိုအပ်တဲ့စကေးတွေ ဖြည့်ပြီးမှ ပန်းတိုင်ရောက်ပေမဲ့တစ်ခါတလေ ပန်းတိုင်ရောက်ပြီးမှ ခပ်တည်တည်နဲ့ ခိုးကြောင်းခိုးဝှက်နဲ့ စကေးဖြည့်ရတဲ့ အခိုက်တန့်တွေအများကြီးရှိပါတယ်ဆိုတာတင်ပြရင်းနဲ့ လုပ်စရာရှိတာအမြန်ဆုံးထလုပ်လိုက်တာ ပို‌ကောင်းပါတယ်။ဘာကြီးဖြစ်မှ, ဘာပြီးမှ, ဘယ်အချိန်ရောက်မှ ဆိုတာတွေခနမေ့ထားလိုက်ပါ။


Leave a Reply

Your email address will not be published.

%d bloggers like this: